နုပျိုစေမယ့် အချက် ၅ ချက်
25-Feb-2017
နုပျိုစေမယ့် နည်းလမ်းများကတော့ …
၁။ မျက်ခုံးမွေးနေရာ
မျက်ခုံးမွေး ခပ်မြင့်မြင့်ပုံစံ ထားပေးတာက နုပျိုတဲ့အသွင်ကို ဆောင်နိုင်တယ်လို့ ကျွမ်းကျင်တဲ့အလှပညာရှင်တွေရဲ့အဆိုအရ သိရှိရပါတယ်။
၂။ မျက်လုံးအိမ်နေရာ
မျက်လုံးအိမ်ဘေးနားက ကျီးခြေသဏ္ဍာန် အရေးအကြောင်းတွေကတော့ အသက်အရွယ်ရလာရင် ထင်ရှားလာတတ်တဲ့အတွက် ဖုံးကွယ်ရန် Concealer ကို အသုံးပြုပေးနိုင်ပါတယ်။
၃။ နှာခေါင်းနှင့် ပါးစပ်ကြားနေရာ
နှာခေါင်းနှင့် ပါးစပ်နေရာ ဆက်ကြောင်းသဖွယ် ဖြစ်နေတဲ့ အရေးအကြောင်းတွေကို ဖုံးကွယ်ဖို့အတွက်လည်း မိမိအသားရောင်ထက်ဖျော့တဲ့ Concealer ကို သုံးပေးရပါမယ်။
၄။ နှုတ်ခမ်းဘေးနေရာ
အသက်အရွယ်ရလာရင် နှုတ်ခမ်းဘေးနေရာ တစ်ဝိုက်မှာပါ အရေးအကြောင်း ထင်လာတတ်ပါတယ်။ ဒါတွေကိုလည်း Concealer သုံးပြီး ဖုံးကွယ်ထားရမှာပါ။
၅။ မေးစေ့နေရာ
မေးစေ့အောက်ဘက် အရေပြားတွဲတာမျိုးအတွက်ကတော့ မိမိအသားရောင်ထက် ရင့်တဲ့ မိတ်ကပ်တစ်မျိုးကို မေးစေ့အောက်မှ လည်ပင်းနေရာအထိ လိမ်းပေးထားရပါမယ်။ ဒီလိုဆိုရင် မေးစေ့ ၂ ထပ် ဖြစ်သလို အရေပြားတွဲတာမျိုးကို ဖုံးကွယ်ပေးထားနိုင်မယ်ဆိုတာ သေချာပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : အဥ္ဇလီစော
Health For All Magazine (No.110, March , 2016)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

